ခရစ် သက္ကရာဇ်၂၀၀၈ ခုနှစ် အတွက် မြန်မာ ဘလော့ဂ် အကယ်ဒမီဆု ရရှိသူ ဘလော့ဂ်များအား ပေးအပ်ချီးမြှင့်မည့် ဆုများ၊ ပရိတ်သတ်များ၏ မဲပေးရွေးချယ်မှုများ နှင့် အဆိုပါ မဲများအားလုံးတို့အား တရားမျှတမှုနှင့် လွတ်လပ်မှု၊ သန့်ရှင်းမှု ရှိအောင် မည်သို့မည်ပုံ MMBlogPressTeam မှ ဆုံးဖြတ် လုပ်ကိုင်ခဲ့ကြကြောင်း စသည်တို့နှင့် ဤ “အကောင်းဆုံး မြန်မာ ဘလော့ဂ် အကယ်ဒမီဆု (၂၀၀၈)” အစီအစဉ် ဖြစ်ပေါ်လာအောင် ကြိုးပမ်း အားထုတ်ခဲ့ကြသူ အားလုံးတို့၏ အမည်နာမများအား မှတ်တမ်းတင် ဂုဏ်ပြုထားသည့် စာမျက်နှာ ဖြစ်ပါသည်။
“အကောင်းဆုံး မြန်မာဘလော့ဂ် အကယ်ဒမီဆု (၂၀၀၈)” ဆုရရှိသူများ အား ပေးအပ် ချီးမြှင့်မည့်ဆုများနှင့် ပတ်သက်၍ထုတ်ပြန် ကြေညာချက်

(၁) “အကောင်းဆုံး မြန်မာဘလော့ဂ် အကယ်ဒမီဆု (၂၀၀၈)” ဆု ရရှိသူများအားလုံးကို မြန်မာဘလော်ဂါပရက်စ်မှ မှတ်တမ်းတင် ဂုဏ်ပြုလွှာ တစ်စောင်စီနှင့် မြန်မာသတင်းသမဂ္ဂမှ
(က) ဆုရရှိသူ ဘလော်ဂါ နှစ်သက်ရာ ဒိုမိန်းတစ်ခု (Domain) (အနည်းဆုံး ၁-နှစ်စာ) နှင့်
(ခ) ဝဘ်ဟို့စ်တင် ဆာဗာ (Unlimited Web Hosting Server) (အနည်းဆုံး ၁-နှစ်စာ)တို့အား အိမ်တိုင်ရာရောက် ပေးပို့ ချီးမြှင့် သွားမည် ဖြစ်သည်။
(၂) အကယ်၍ ဆုရရှိသူ ဘလော်ဂါအနေဖြင့် မိမိတို့ ပေးအပ်မည့် ဆုပစ္စည်းအား မိမိတွင် ရှိပြီး ဖြစ်၍ သော်လည်းကောင်း၊ အကြောင်းကြောင်းကြောင့် ဒိုမိန်းနှင့် ဝဘ်ဆာဗာ တို့အား မလိုအပ်ခဲ့လျင် သော်လည်းကောင်း အောက်ပါ ရွေးချယ်ဖွယ်ရာ (၂) ခုအနက်မှ တစ်ခုကို ဆုရရှိသူ ဘလော်ဂါစိတ်တိုင်းကျ ရွေးချယ်ပေးအပ် ချီးမြှင့်သွားမည် ဖြစ်သည်။
(က) Internet File Storage & Download Access (Rapidshare, Megaupload,..etc.) – အနည်းဆုံး (၁) နှစ်စာ
(ခ) အင်တာနက် အသုံးပြုခွင့်ကဒ် (ပြည်တွင်းရှိ ဆုရဘလော်ဂါများသာ) – အနည်းဆုံး (၂၅၀) နာရီစာ
(၃) ဆုများအား ပေးအပ် ချီးမြှင့်ရန်အတွက် ဆုရွေးချယ်ရေးအဖွဲ့ အနေဖြင့် ဆုရရှိသူ ဘလော်ဂါများထံသို့ အီးမေးလ်ဖြင့် တိုက်ရိုက် ပေးပို့ ဆက်သွယ် အကြောင်းကြားသွားမည် ဖြစ်သည်။
(၄) အိမ်တိုင်ရာယောက် ပေးပို့ချီးမြှင့်မည့် အထက်ပါဆုများနှင့် ပတ်သက်၍ ဆုရရှိသူ ဘလော်ဂါများ ဘက်မှ ဆုလက်ခံ ရယူရန်အတွက် မိမိ၏ အစစ်အမှန် ဖြစ်ပြီး၊ လက်ရှိ သုံးစွဲနိုင်သည့် အီးမေးလ် လိပ်စာတစ်ခုမှ အပ အခြား မိမိ၏ မည်သည့် ကိုယ်ရေး အချက်အလက်ကိုမျှ MMBlogPressTeam ထံသို့ ထပ်မံ ပေးအပ်ရန် လိုမည်မဟုတ်။ MMBlogPressTeam မှလည်း ဆုလက်ခံမည့် ဘလော်ဂါထံသို့ မည်သည့် ကိုယ်ရေး အချက်အလက် ကိုမျှ တောင်းခံလိမ့်မည် မဟုတ်ပါ။
(၅) “အကောင်းဆုံး မြန်မာဘလော့ဂ် အကယ်ဒမီဆု (၂၀၀၈)” ဆု ဆွတ်ခူး ရရှိသည့် ဘလော့ဂ်များနှင့် ပတ်သက်၍ ကန့်ကွက်လိုသူများ အနေဖြင့် ဤ ဆုကြေညာသည့် (၁၂.၀၁.၂၀၀၉) ရက်နေ့မှ စတင်၍ ရက်သတ္တ တစ်ပတ်အတွင်း info[at]mmblogpress.com သို့ အချက်အလက် ခိုင်လုံစွာဖြင့် တရားဝင် အကြောင်းကြားစာ ပေးပို့၍ ကန့်ကွက်နိုင်သည်။
(၆) အကယ်၍ ကြေညာထားသည့် ရက်သတ္တတစ်ပတ် အတွင်း ကန့်ကွက်သူ မရှိက ဤဆုများ အားလုံးကို မူလ အစီအစဉ်အတိုင်း ဆုရရှိသူဘလော်ဂါများ ထံသို့ ဆက်လက် ပေးအပ် ချီးမြှင့်သွားမည် ဖြစ်သည်။
“အကောင်းဆုံး မြန်မာဘလော့ဂ် အကယ်ဒမီဆု (၂၀၀၈)” ဆုပေးပွဲ နှင့် ပတ်သက်သည့် အချက်အလက်များ
လာရောက်လည်ပတ်ကြသူပေါင်း (နိုင်ငံ အလိုက်)
လာရောက်လည်ပတ်ကြသူပေါင်း (အသုံးပြုသော OS အလိုက်)
လာရောက်လည်ပတ်ကြသူပေါင်း (အသုံးပြုသော Browser အလိုက်)
MBAA 2008 Programme ဖြစ်ပေါ်လာအောင် အားထုတ်ခဲ့ကြသူတို့၏ အခြေပြုစတင်ရာ အကြောင်း အရင်း၊ ရင်ဆိုင်ခဲ့ရသော အခက်အခဲများ နှင့် လာမည့် အနာဂတ်ကာလများတွင် ပြုလုပ်မည့် မြန်မာဘလော့ဂ်များ အတွက် အစီအစဉ် စသည်တို့နှင့် ဆုမဲများအား အသန့်ရှင်းဆုံး၊ အမျှတဆုံး ဖြစ်အောင် အပြီးသတ် မည်သို့ဆုံးဖြတ် ရေတွက်ခဲ့ကြကြောင်း စသည်တို့အား အောက်ပါ စာမျက်နှာများတွင် သွားရောက် ဖတ်ရှုနိုင်သည်
(ခ) MBAA 2008 အစီအစဉ်သို့ မဲပေးသူ ပရိတ်သတ်များ၏ အကြံပြု ဆွေးနွေးချက်များ နှင့် ပေးစာ၊ ပြန်စာ ကဏ္ဍ
(ဂ) အကောင်းဆုံး မြန်မာ ဘလော့ဂ် အကယ်ဒမီဆု ရရှိသူများစာရင်း ကြေညာရန် အချိန်ပြောင်းလဲ သတ်မှတ်ခြင်း
“အကောင်းဆုံး မြန်မာဘလော့ဂ် အကယ်ဒမီဆု (၂၀၀၈)” ဆုပေးပွဲ အား စတင်သည်မှ ပြီးဆုံးသည့် တိုင်အောင် အောက်ပါအတိုင်း သက်ဆိုင်ရာ ကဏ္ဍအလိုက် အစုအဖွဲ့များ စုဖွဲ့၍ စနစ်တကျ စီစဉ် ဆောင်ရွက်ခဲ့ ကြပါသည်။
(၁) အကြံပေးအဖွဲ့ – အဖွဲ့ဝင် (၄) ဦး (Advisers Team)
(အကြံပေး အဖွဲ့ဝင်များ၏ မေတ္တာရပ်ခံချက်အရ ၎င်းတို့၏ အမည်နာမများကို ဖော်ပြခြင်းမှ ချန်လှပ်ခဲ့ပါသည်။)
(၂) ဆုမဲများ စိစစ်ရွေးချယ်ရေး ဘုတ်အဖွဲ့ (Vote Cases Checking Team)
(က) အရှင်မေတ္တာ စာရ [ AshinMettaCara's Blog ]
(ခ) ကိုရန်အောင် [ YanAung's Blog ]
(ဂ) ကိုဒူကဘာ [ ChitTaeMaNawMyay's Blog ]
(ဃ) ကိုရဲသွေး [ Technical Seven Forum ]
(င) ကိုမင်းကျော် [ Burmese IT Blogger's Blog ]
(၃) နည်းပညာဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ (Technical Support Team)
(က) Technical7 [ Technical Seven Forum ] – Web Developer
(ခ) ကိုရဲသွေး [ Technical Seven Forum ] – Web Developer
(ဂ) DanFader [ KaNaung WebDesign & Coding Art ] – Graphic Designer
ကျေးဇူးတင်ပါသည်
MMBlogpressTeam