အကောင်းဆုံး မြန်မာ ဘလော့ဂ် အကယ်ဒမီဆု ရရှိသူများစာရင်း ကြေညာရန် အချိန်ပြောင်းလဲ
Posted by admin in ကြေညာချက်များ on 01 10th, 2009 | no responses
1 Star2 Stars3 Stars4 Stars5 Stars (4 votes, average: 4.75 out of 5)
Loading ... Loading ...

MMBlogPressTeam အနေဖြင့် မူလ ရည်ရွယ်ချက် ကြေညာချက်များ အတိုင်း လူတစ်ဦးလျင် ကဏ္ဍ တစ်ခုစီအလိုက် မဲတစ်မဲ စီသာပေးရေး ဟူသည့် မူဝါဒအရ လက်ရှိ ရမဲများ အားလုံးအား ပိုမိုမှန်ကန်မှု ရှိစေရေး၊ လွတ်လပ်၍ တရားမျှတမှု ရှိစေရေး တို့ကို ဦးတည်၍ ကဏ္ဍအားလုံးရှိ မဲအများဆုံးရ ဘလော့ဂ် (၃) ခုစီတို့၏ မဲများအားလုံးအား MMBlogPress Team နှင့် အကြံပေးအဖွဲ့တို့ ပူးပေါင်း ပါဝင် ဖွဲ့စည်းထားသော မဲစိစစ်ရေး ဘုတ်အဖွဲ့ အစီအစဉ်ဖြင့် မဲတစ်မဲစီအလိုက်၊ အိုင်ပီလိပ်စာ (IP Address) တစ်ခုချင်းစီ အလိုက် အသန့်ရှင်းဆုံး၊ အမှန်ကန်ဆုံး ဖြစ်အောင် ထပ်မံစိစစ် ရေတွက်မှု ပြုလုပ် ရန်နှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်းဆုံး ဆုရ ဘလော့ဂ် (၁) ခုစီ၏ အမည်များကို မဲရေတွက်ရာတွင် ကြုံတွေ့နေရသော အခက်အခဲများ အရ ဆုရှင်များ ရရှိသော မဲအရေအတွက်နှင့် တစ်ကွ နောက်ထပ် (၂၄) နာရီအတွင်း ထုတ်ပြန် ကြေညာသွားရန် အောက်ပါ အချက်များ အတိုင်း ပြုလုပ်ဆုံးဖြတ် ဆောင်ရွက်သွားရန် အချိန်ပြောင်းလဲ သတ်မှတ် လိုက်ပါသည်။

(၁) ကဏ္ဍအလိုက် မဲအများဆုံး ရရှိထားကြသော ဘလော့ဂ် (၃၃) ခုတို့ ရရှိထားသော မဲများအား “မဲရေတွက်မည့် စည်းကမ်းချက်များ” အတိုင်း MMBlogPress Team မှ ရေတွက်ရာတွင် အချို့သော မဲအများဆုံးရနေသည့် ဘလော့ဂ်များ အနေဖြင့် အမှန်တစ်ကယ် ရရှိသော မဲများ၏ အရေအတွက် နှင့် Proxy ကျော်ဝင် ပေးထားသော မဲများ၏ အရေအတွက်များ လွန်မင်းစွာ ကွာခြားနေမှုများ ဖြစ်လျက်ရှိပြီး၊ ထိုသို့ Proxy ကျော်ဝင် ပေးထားကြောင်း (မြန်မာပြည် Proxy လိပ်စာများမှအပ) ကိုလည်း MMBlogPressTeam ၏ မဲပေးမှု မှတ်တမ်းများအရ သိရှိထားပြီး ဖြစ်သည်။

(၂)  သို့ဖြစ်၍ MMBlogPressTeam အနေဖြင့် မူလ ရည်ရွယ်ချက် ကြေညာချက်များ အတိုင်း လူတစ်ဦးလျင် ကဏ္ဍ တစ်ခုစီအလိုက် မဲတစ်မဲ စီသာပေးရေး ဟူသည့် မူဝါဒအရ လက်ရှိ ရမဲများ အားလုံးအား ပိုမိုမှန်ကန်မှု ရှိစေရေး၊ လွတ်လပ်၍ တရားမျှတမှု ရှိစေရေး တို့ကို ဦးတည်၍ ကဏ္ဍအားလုံးရှိ မဲအများဆုံးရ ဘလော့ဂ် (၃) ခုစီတို့၏ မဲများအားလုံးအား MMBlogPress Team နှင့် အကြံပေးအဖွဲ့တို့ ပူးပေါင်း ပါဝင် ဖွဲ့စည်းထားသော မဲစိစစ်ရေး ဘုတ်အဖွဲ့ အစီအစဉ်ဖြင့် မဲတစ်မဲစီအလိုက်၊ အိုင်ပီလိပ်စာ (IP Address) တစ်ခုချင်းစီ အလိုက် အသန့်ရှင်းဆုံး၊ အမှန်ကန်ဆုံး ဖြစ်အောင် ထပ်မံစိစစ် ရေတွက်မှု ပြုလုပ်သွားမည် ဖြစ်သည်။

(၃) ထို့ကြောင့် ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက် အရ အမှန်တစ်ကယ် ပေးမဲ အများဆုံးရရှိသူ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်းဆုံး ဆုရ ဘလော့ဂ် (၁) ခုစီ၏ အမည်များကို ရရှိသော မဲအရေအတွက်နှင့် တစ်ကွ နောက်ထပ် (၂၄) နာရီအတွင်း ထုတ်ပြန် ကြေညာသွားရန် အချိန်ပြောင်းလဲ သတ်မှတ်လိုက်ပါသည်။

(၄) ဘုတ်အဖွဲ့အစီအစဉ်ဖြင့် မဲများအား မှန်ကန်မှု ရှိစေရေး ထပ်မံ စိစစ်ရေတွက်ရာတွင် မဲရေတွက်မည့် စည်းကမ်းချက်များပါ အချက် (၄) ချက်အရသာ ထပ်မံ၍ သေချာမှုရှိစေရေး စိစစ် ရေတွက်ခြင်း ပြုလုပ်မည်ဖြစ်ပြီး အကယ်၍ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်အရ လိုအပ်သည်ဟု ယူဆခဲ့လျင် သက်ဆိုင်ရာ ISP Company များသို့လည်း တိုက်ရိုက် ဆက်သွယ်မှုပြုလုပ်ပြီး လိုအပ်သော အချက်အလက်များကို တောင်းခံရယူ ဆောင်ရွက်သွားပါမည်။

(၅) အကယ်၍ မဲပေးသူ ပရိတ်သတ်များနှင့် အရွေးချယ်ခံ ဘလော့ဂ်ပိုင်ရှင်များ (၂၅) ဦးနှင့် အထက်မှ ထုတ်ဖော် တင်ပြပေးရန် တောင်းဆို လာပါကလည်း MMBlogPressTeam အနေဖြင့် ကဏ္ဍ အလိုက် မဲအများဆုံးရရှိသူ ဘလော့ဂ်များ၏ မဲပေးမှု မှတ်တမ်းများနှင့် မည်သည့် အကြောင်းကြောင့် အချို့မဲများအား ပယ်မဲ အဖြစ် သတ်မှတ်ရကြောင်း တို့ကိုလည်း ထုတ်ဖော်တင်ပြသွားမည် ဖြစ်သည်။

ကျေးဇူးတင်ပါသည်

mmBlogPress Team

No Comments

No comments yet.

Sorry, the comment form is closed at this time.